အချစ်စစ်ဆိုစွာ

Kyaw Win Khaing
    By Kyaw Win Khaing

    0/5 stars (0 votes)

    အချစ်စစ်ဆိုစွာ

    တယောက်ယောက်နန့် ကြိုက်နိန်ရေ အချိန်ဖြစ်ဖြစ်၊ အဝီးက တယောက်ယောက်ကို ကြိုက်နိန်ရေ အချိန်ဖြစ်ဖြစ်၊ အမှန်တကယ် ချစ်နိန်စွာ ဟုတ် မဟုတ်ဆိုစွာ ခွဲခြားကြည့်ဖို့ ကကောင်း ခက်ပါရေ။

    အောက်က အချက်အလက်ချေတိနန့် သုံးသပ်ကြည့်ကေတော့ခါ အမှန်တကယ် ချစ်နိန်စွာ ဟုတ် မဟုတ်ဆိုစွာ ကိုယ့်စွာကို သတိထားမိလာပါလိမ့်မေ။

    အချစ်စစ်ကို ဇာပိုင် သတိထားကြည့်ဖို့လဲ

     

    ၁) ကိုယ်က လူတယောက်ပိုင် ဆက်ဆံနိန်စွာလား၊ ရုပ်ဝတ္ထုတခုပိုင် သဘောထားနိန်လားဆိုစွာ ဆန်းစစ်ပါ

    သူ့အပြစ်တိကို ဘလောက်ပင် သိနိန်နိန်၊ သူ့ကို ဂရုစိုက်နိန်တုန်း။

    အခက်အခဲတိ ဘလောက်ပင် ကြုံရရ တွိရရ သူ့အနားက ခြီးတလှမ်းလည်း ဆုတ်လားဖို့ ဆန္ဒ မရှိ။

    ကိုယ့် အကြောင်း ဝှက်ကွယ်စရာ တခုလည်း မရှိအောင်ကို သူ့ကို ပြောပြဖို့ ဝန်မလီး။

    ရှက်စရာ ဂုဏ်နိမ့်စရာ၊ အထင်သေးခံစရာလို့လည်း မမြင်။

    သူကလည်း နားလည်ပီးဖို့ဆိုစွာ ယုံကြည်ဗြီးသား။

    ကိုယ့်ကို ချစ်လာအောင်လို့ ထူးထူးခြားခြား ဟန်လုပ်ပနာ ပြနိန်ဖို့ မလိုလို့လည်း နားလည်ပနာ လုပ်ရပ်တိက စကားလုံးတိထက် ပိုပနာ နားလည်ဇီရေဆိုစွာ သိဗြီးသား။

    ကိုယ်က အများကြီး ပီးနိန်ပနာ၊ အနည်းချေရာ ပြန်ရနိန်ရေလို့ ခံစားမိကေတော့ အရင်းနှီးဆုံး၊ အယုံကြည်ရဆုံး သငယ်ချင်း၊ မိသားစုဝင် တယောက်ယောက်ကို အရှိကို အရှိအတိုင်း ပြောပြဖို့ တိုင်ပင်ကြည့်။ “ ငါရို့ ဇုံတွဲကို ဇာပိုင် မြင်လေ။ ” လို့။

    အများအားဖြင့် အပြင်လူတိက ကိုယ့်ထက် ပိုပနာ ကိုယ်ရို့ အဖြစ်အပျက်ကို မြင်နိန်တတ်ကတ်စွာကိုး။ ကိုယ်ကတော့ခါ "အချစ်မှာ မျက်စိ မရှိ။"

    ၂) လုံခြုံမှု ဘလောက် ခံစားရလေလို့ သုံးသပ်ကြည့်ပါ

    ဇာအနိန်အထားမှာ ဖြစ်ဖြစ် ကိုယ့်ချစ်သူက ကိုယ့်နားမှာ အမြဲတမ်း ရပ်တည်ပီးဖို့လို့ သိနိန်ရေပိုင်၊ ကိုယ်ကလည်း ကျန်ရေ ကိုယ့်ဘဝ တလျှောက်လုံးမှာ သူ့အတွက် ဇာအနိန်အထားမှာ ဖြစ်ဖြစ် မားမားမတ်မတ် ရပ်တည်ပီးဖို့လို့ သန္ဓိဌာန်ချမှတ်ဗြီးသား။

    ၃) ကြိုက်နိန်ကတ်စွာ ဘလောက် ကြာဗျာလ်လေလို့ စဉ်းစားကြည့်ပါ

    သူနန့် ကြိုက်နိန်ရေ ကာလလည်း ကကောင်း ကြာလားခဗျာလ်။

    သူ မပါဘဲ ဘဝကို ဖြတ်သန်းဖို့လည်း လုံးဝ မစဉ်းစားဝံ့ဗျာလ်။

    သူ့အကြောင်းကို အပ် ကျစွာက အစ သိချင်နိန်ပနာ၊ တူနှစ်ကိုယ် လက်တွဲပနာ ဘဝတလျှောက်လုံး ဖြတ်သန်လားဖို့ နက်နက်နဲနဲလည်း ဆုံးဖြတ်ဗြီးသား။

    ၄) သူ့အတွက် ဇာပုံစုံမျိုး စဉ်းစားတတ်လေဆိုစွာ သုံးသပ်ပါ

    အလုပ်ထဲမှာ ပျော်စရာ တခု တွိစွာနန့် ချက်ချင်း သူ့ကို ပြောပြပလိုက်ချင်ရေ။

    မကောင်းစွာ တခု တွိကြုံရစွာနန့်လည်း ကိုယ့်ကို နားလည်မှု အရှိဆုံး သူ့ကို ဖွင့်ပြောပလိုက်ချင်ရေ။

    ကောင်းကောင်း၊ မကောင်းကောင်း ထူးခြားဖြစ်စဉ်တိုင်းအတွက် သူ့ကိုရာ ပထမဦးဆုံး ထုတ်ဖော်ပြောရဖို့ လူလို့ မြင်ကေတော့ခါ၊ သူ့ကို အမှန်တကယ် ချစ်နိန်ပါဗျာလ်။

    တယောက်ကို တယောက် ရိုသေတန်ဖိုးထားကတ်မှန်းလည်း သိသာနိန်ပါဗျာလ်။

    ၅) ပြဿနာတိကို ဇာပိုင် ကိုယ်တွယ်ခလဲ ပြန်တွေးကြည့်ပါ

    သူနန့် အငြင်းအခုံ ဖြစ်ရတိုင်း၊ နှစ်ယောက်သား သဘောတူညီမှု ပြန်ရဖို့စွာကို မရမက လိုက်ရှာတတ်တေ။

    အငြင်းအခုံတိက ကိုယ်ရို့ ခိုင်မြဲရေ သန္ဓိဌာန်ကို မဖောက်ဖျက်နိုင်ဆိုစွာ သိဗြီးသား။

    ကိုယ့်ကို နာကြင်ဇီမှန်း သိကေလည်း သူ အမှန်ကို ထုတ်ဖော်ပြောပြစွာအတွက် သဘောကျမိသား။

    သူ့ဖက်က မှားနိန်မှန်း သိကေလည်း ကိုယ့် မိသားစုနန့် တခြား လူတိ ရှိမှာ သူ့ဖက်က မားမားမတ်မတ် ရပ်တည်ဗြီးသား။

    ၆) ရှိဆက် ခရီးဆက်ဖို့ ခံစားမိစွာတိကို တွေးတောပါ

    သူနန့် နိန်ရစွာကို စိတ်ကျေနပ်တယ်။

    သူနန့်ရာ ဘဝကို လက်တွဲပနာ ရှိဆက်လားဖို့ဆိုကေ အားလုံး အဆင်ပြေ ပျော်ရွင် အီးချမ်းဖို့လို့ ခိုင်ခိုင်မာမာ ယုံကြည်မှု ရှိရေ။

    မိသားစုနန့် သငယ်ချင်းတိကလည်း သူ့အကြောင်း အားလုံးကို သိထားကတ်ပနာ၊ သပုတ်လေလွင့် ပြောတတ်တေ လူတိဘားက မားမားမတ်မတ် ယင်းလူအတွက် ကာကွယ်ပီးဖို့ဆိုကေ ...

    ယင်းသူ့ကို စစ်မှန်ရေ အချစ်နန့် ချစ်နိန်စွာဆိုစွာ ၁၀၀% သေချာလားပါဗျာလ်။

    အထက်က အချက်တိနန့် မကိုက်ညီသိမ့်ဆိုကေတော့ခါ .... နောက်နိန့် ဆက်ဖတ်ပါ “ ချစ်နိန်စွာလား၊ မွန်နိန်စွာလား၊ အသုံးလိုနိန်စွာလား - မွန်နိန်ရေ ဆိုစွာ

     

    ကျော်ဝင်းခိုင်

    Kyaw Win Khaing

    Kyaw Win Khaing

    ရခိုင်ညီအကိုမောင်နှမရို့ အကူအညီလိုကေ အေနိန်ရာမှာ စာပို့ထားခပါ။
    About me

    ဘဝကို တိုးတက်ချင်လို့ အမျိုးမျိုး ရုန်းကန်ကြိုးစားယင်း နိုင်ငံရပ်ခြားမှာ အနိန်များလားရေ။ ယကေလည်း ကိုယ့် မွီးရပ်မြေကို တခါလည်း မမိ။ ကိုယ့် မွီးရပ်မြေက ညီအကို မောင်နှမတိကို တတ်နိုင်သလောက် ဇာပိုင်...

    © 2017 Arakan Online