မွန်နိန်ရေ ဆိုစွာ

မွန်နိန်ရေ ဆိုစွာ

ပကတိ အနိန်အထားကို သတိထား မကြည့်မိဘဲ အသည်းအသန် ဖြစ်နိန်တတ်စွာကို မွန်နိန်ရေ လို့ ဆိုပါရေ။ 
ဥပမာ - “ ကြည့်ထော၊ ဘလောက် မွန်နိန်ကတ်တေထော။ ဘေးက လူတိကိုတောင် မမြင်။ ”

မွန်နိန်စွာကို ဇာပိုင် သတိထားကြည့်ဖို့လဲ



၁) ကိုယ်က လူတယောက်ပိုင် ဆက်ဆံနိန်စွာလား၊ ရုပ်ဝတ္ထုတခုပိုင် သဘောထားနိန်လားဆိုစွာ ဆန်းစစ်ပါ

ကိုယ့်စွာကို အချစ်စိတ်တိနန့် မွန်နိန်ဗျာလ်ဆိုကေ ယင်းသူ့အကြောင်းကိုရာ အမြဲတမ်း စဉ်းစားနိန်တတ်ပါရေ။

သူ့ကိုလည်း ကိုယ် မြင်ချင်ရေ ပုံစံမျိုးတိနန့် မြင်ယောင်ကြည့်နိန်တတ်တေပိုင်၊ ကိုယ့်ကိုလည်း သူက တခမ်းတနား၊ တလေးတစား၊ တယုတယနန့် တန်ဖိုးထားပနာ မြင်ဇီချင်တတ်ပါရေ။

ကိုယ့်စိတ်ထဲမှာ ပုံဖော်ပနာ မြင်ကြည့်နိန်သမျှရေ ပကတိ အနိန်အထားမှာ ဘလောက် တိကျရေ၊ ကင်းကွာနိန်ရေ ဆိုစွာကိုလည်း မသုံးသပ်တတ်ပါ။



၂) လုံခြုံမှု ဘလောက် ခံစားရလေလို့ သုံးသပ်ကြည့်ပါ

ကိုယ့် အနိန်အထားက ကိုယ့်အတွက် ဘလောက် လုံခြုံမှု ရှိလဲဆိုစွာ သုံးသပ်ကြည့်ဖို့ နိန်နိန်သာသာ၊ သူက ကိုယ့်ကို အထင်ကြီးလာအောင်၊ အလီးသာလာအောင် ဇာပိုင် လုပ်ဖို့လဲဆိုစွာမျိုးတိကိုရာ မပြတ် တွေးနိန်တတ်ပါရေ။

ယင်းသူက ကိုယ့်အပေါ် ဇာပိုင် ခံစားချက် ရှိလဲဆိုစွာ တိတိကျကျ မသိရေခါ၊ ကိုယ့်ကို သူ ဇာပိုင် ကြိုက်လာအောင် လုပ်ဖို့လဲဆိုစွာကိုရာ အမြဲတမ်း အာရုံ စူးစိုက်နိန်တတ်ပနာ စိတ် ဂယောင်ချောက်ချားနန့် လှုပ်ရှားနိန်တတ်ပါရေ။



၃) ကြိုက်နိန်ကတ်စွာ ဘလောက် ကြာဗျာလ်လေလို့ စဉ်းစားကြည့်ပါ

မကြိုက်ရသိမ့်စွာလည်း ဖြစ်နိုင်ရေပိုင်၊ ပပူနနွီး ကြိုက်နိန်ကတ်စွာလည်း ဖြစ်နိုင်ပါရေ။

ငါရို့ နှစ်ယောက်ကို ဇာအကြောင်းအရာက ခွဲပလိုက်ဖို့လဲ ဆိုပနာလည်း အမြဲတမ်း တွေးပူနိန်တတ်ပနာ၊ ကိုယ့်စွာကိုယ် ယုံကြည်မှု ကင်းမဲ့နိန်တတ်ပါရေ။



၄) သူ့အတွက် ဇာပုံစုံမျိုး စဉ်းစားတတ်လေဆိုစွာ သုံးသပ်ပါ

သူ့ အပြုံးတိကို အမြဲတမ်း မြင်ယောင် ကြည့်နိန်ပနာ ပီတိဖြာနိန်တတ်တေ။ 

သူက ကိုယ့်နာမေကို တချက် ခေါ်လိုက်တိုင်း၊ ကိုယ့်ကို တချက် စောင်းငဲ့ပနာ ကြည့်လိုက်တိုင်းမှာ ရင်တိ ဘဘြမ်းဆာပနာ ခုန်လားစွာတိကို အသေးစိတ် တွေးနိန်တတ်တေ။

တူနှစ်ကိုယ် ကြည်နှုးရရေ အချိန်တိကို သူလည်း ကိုယ့်ပိုင် တွေးနိန်လိမ့်မေလို့ တထစ်ချ ယုံကြည်နိန်တတ်ပါရေ။



၅)ပြဿနာတိကို ဇာပိုင် ကိုယ်တွယ်ခလဲ ပြန်တွေးကြည့်ပါ

စိတ်သဘောထား မတိုက်ဆိုင်စွာ တခုခုနန့် ကြုံတိုင်း “ အား လားဗျာလ်။ ငါရို့ နှစ်ယောက်က လုံးဝ ရှိဆက်ဖို့ မဖြစ်နိုင်ဗျာလ်။ ” လို့ ခံစားမိတတ်ပါရေ။ 

ကိုယ်က ယင်းသူ့ကို လုံးဝ နားမလည်ပိုင် ဖြစ်လားတတ်တေပိုင်၊ ကိုယ် သူ့အပေါ် အထင်ကြီးလာသမျှလည်း သဲထဲရီသွန် အဖြစ်မျိုး ခံစားရလိုက်တတ်ပါရေ။



၆) ရှိဆက် ခရီးဆက်ဖို့ ခံစားမိစွာတိကို တွေးတောပါ

သူနန့်တော့ အမြဲတမ်း တွိချင်နိန်ရေ။ ယကေလည်း သူဘားက ပြောလာဖို့ စကားတိကို ကြောက်နိန်မိရေ။ 

ကိုယ့် အပေါ် သစ္စာ ရှိပါလို့ ကတိပီးခိုင်းဖို့စွာကိုတောင် သူ ထွက်ဗြီးလားလတ်မေ ကြောက်လို့ မပြောဝံ့ ဖြစ်နိန်ရေ။ 

အေပိုင်ဆိုကေ တော့ခါ ....

အချစ်စစ် အချစ်မှန်နန့် ချစ်နိန်စွာ မဟုတ်သိမ့်ပါ။

ချစ်စိတ်တိ မွန်နိန်စွာရာ ဖြစ်ပါရေ။

ကိုယ့်စွာကိုရာ မညှာမတာ အဖြေပီးပါ။

နောက်တခါ “ ချစ်နိန်စွာလား၊ မွန်နိန်စွာလား၊ အသုံးလိုနိန်စွာလား - အသုံးလိုနိန်ရေဆိုစွာ ” ကို ထပ်ရွီးပီးပါမေ။

လူတိုင်း ကိုယ့် ပကတိ အနိန်အထားကို သုံးသပ်နိုင်ကတ်ပါဇီ။


ကျော်ဝင်းခိုင်

 
    Kyaw Win Khaing

    Kyaw Win Khaing

    ရခိုင်ညီအကိုမောင်နှမရို့ အကူအညီလိုကေ အေနိန်ရာမှာ စာပို့ထားခပါ။
    About me

    ဘဝကို တိုးတက်ချင်လို့ အမျိုးမျိုး ရုန်းကန်ကြိုးစားယင်း နိုင်ငံရပ်ခြားမှာ အနိန်များလားရေ။ ယကေလည်း ကိုယ့် မွီးရပ်မြေကို တခါလည်း မမိ။ ကိုယ့် မွီးရပ်မြေက ညီအကို မောင်နှမတိကို တတ်နိုင်သလောက် ဇာပိုင်...

    © 2017 Arakan Online