ပဲသကြားရည်လောင်း အိုက်စကရိန်း တခွက်

ပဲသကြားရည်လောင်း အိုက်စကရိန်း တခွက်

တခါက စားသောက်ဆိုင်ကြီး တဆိုင်ထဲကို အသက် ၁၀ နှစ်လောက် အချေတယောက် ဝင်လာပနာ ဒေါင့်ချေက နှစ်ယောက်ထိုင် စပွဲချေမှာ ဝင်ထိုင်ရေ။

စပွဲထိုး ကလိမ့်မေက ဆိုင်ထဲမှာ လူများနိန်ရေအတွက်နန့် အလျှင်စလိုနန့် အချေနားကို လားပနာ “ ဇာမှာဖို့လဲ၊ အချေ။ ” လို့ မိန်းလိုက်တေ။

“ ပဲသကြားရည်လောင်း အိုက်စကရိန်း တခွက်ကို ဘဘောက်ပါလေ။ ” 

“ ၅၀၀၊ အချေ။ ” လို့ စပွဲထိုး ကလိမ့်မေက ပြန်ပြောလိုက်တေ။

အချေက ဖေ့သာအိတ်မှာ ပါရေ ဖေ့သာတိကို ရွီကြည့်လိုက်တေ။ အဗြီးကေ “ ရိုးရိုး အိုက်စကရိန်း တခွက်ကို ဘာဝါ။ ” လို့ ပြန်မိန်းလိုက်တေ။

စပွဲထိုး ကလိမ့်မေက စိတ်မရှည် ဖြစ်လာရေ။ လူများလို့ အလုပ်ရှုပ်နိန်ရေ အချိန်မှာ အပို စကားတိ ကကောင်း မပြောချင်။

“ ၃၅၀ ” လို့ တခွန်းတည်း မျက်နှာမှုန်မှုန်နန့် ပပြတ် ပြန်ပြောလိုက်တေ။

“ ကျွန်တော့်ကို ၃၅၀ တန် ရိုးရိုး အိုက်စကရိန်း တခွက်ရာ ပီးပါ။ ” လို့ အချေက ပြန်မှာလိုက်တေ။

စပွဲထိုး ကလိမ့်မေကလည်း အိုက်စကရိန်းနန့် ပြေစာကို ခုံထက်မှာ တင်ပီးခပနာ တခြား စပွဲတိဖက်ကို ကူးလားခရေ။

အိုက်စကရိန်း စားဗြီးရေခါ ကလေချေ ကောင်တာမှာ ပြေစာနန့် ဖေ့သာ လားရှင်းပနာ ဆိုင်ပြင်ကို ပြန်ထွက်လားရေ။

တနားနိန်လို့ စပွဲထိုး ကလိမ့်မေ အချေ စားခရေ အိုက်စကရိန်းခွက်ကို လားသိမ်းရေခါ ပဇ အဟောင်းသားနန့် အံ့သြစရာ တခုကို တွိလိုက်ရရေ။

ဒင်္ဂါး ၁၅၀ ကို အသေအချာ ခေါက်ပနာ အိုက်စကရိန်းခွက် အောက်ချေမှာ သူ့အတွက် ဘောက်ဆု ထားခရေ။


စံဂိုးအောင်

© 2017 Arakan Online