ရခိုင်ရာဇဝင်ကို ကြားဖူးနားဝ ရှိကေ ဝါလှဖြူ နာမေကို ကြားဖူးကတ်ဖို့ ထင်ပါယင့်။ ‘ဝါလှဖြူ ဖျက်လို့ ပြည်ပျက်ရေ။” ဆိုပနာ ရခိုင်စကားဘောင် ရှိပါရေ။

‘ဝါလှဖြူကို ဖျောင်းဖျဖို့ ဘုရင်က ငကုသလအမတ်ကို လွှတ်လိုက်တေခါ ငကုသလအမတ် ခန်းဆောင်ထဲဝင်လာစွာနန့် ဝါလှဖြူက ပေါင်တံကို လှစ်ခနဲ ပြလိုက်ရေမှာ ငကုသလအမတ်စွာ ဝါလှဖြူ ရင်ခွင်ထဲကို တုံးလုံးပက်လက် ကျလားရေ။’ ဆိုရေ ရခိုင်ရာဇဝင် ရှိပါရေ။ ယင်းအတွက်နန့် “ဝါလှဖြူကို မကောင်းရေ မမက်၊ ပြည်ဖျက်မ၊ ရခိုင်ပြည် ပျက်စွာ ယင်းကလိမ့်မေကြောင့်” အစရှိပနာ ပြောကတ်ပါရေ။

ဝါလှဖြူဆိုစွာ အရပ်အခေါ် နာမေပါ။ နန်းတွင်း နာမေက နတ်သျှင်မေပါ။ ၁၆၂၂ ခုနှစ်၊ မြောက်ဦးထီးနန်းကို စိုးပိုင်ခရေ သီရီသုဓမ္မရာဇာ ဘုရင်မှာ မိဖုရားခေါင်ကြီး ပါ။ သီရီသုဓမ္မရာဇာဘုရင်နန့် မောင်နှမ တစ်ဝမ်းကွဲ တော်စပ်ပနာ ၁၆၀၀ ခုနှစ်နန့် ၁၆၁၀ ခုနှစ် ဝန်းကျင်လောက်မှာ ဘုရင်မင်းခမောင်းနန့် ရှင်ထွီး ရို့က မွီးဖွားခရေ သမီးတော်တပါး ပါ။

ငကုသလအမတ်ကို နန်းတင်လိုလို့ လင် ရှင်ဘုရင်ကို အဆိပ်ခတ်လို့သတ်ဗျာလ်၊ ဆယ်ကျော်သက် ကိုယ့်သားရင်း မင်းစနေကိုလည်း သတ်ခရေလို့ ဆိုပါရေ။ သူ့ကို ဆန့်ကျင်ရေ ဝန်ကြီး၊ ဝန်မင်းတိကို တယောက်ဗြီး တယောက်သတ်လို့ မြောက်ဦးထီးနန်းကို သွီးချောင်းစီးပနာ၊ အပိုင် အုပ်ချုပ်ခရေလို့ ဆိုပါရေ။ နတ်သျှင်မေ ကျေးဇူးနန့် ငကုသလအမတ် မြောက်ဦး ထီးနန်းကို အုပ်စိုးရရေခါ သူကိုယ်တိုင် ဘုရင်ဖြစ်လာလို့ နတ်သျှင်မေကို ကြောက်ရွံ့တုန်လှုပ်ပနာ၊ မြောက်ဦးမြို့ မြောက်ဖက်မှာ လေးဖက်လေးတံ တံတိုင်းကာထားရေ နန်းတဆောင်မှာ နတ်သျှင်မေကို အကျယ်ချုပ်နန့် နိန်ခိုင်းခရေလို့ ဆိုပါရေ။ နောက်ပိုင်းမှာ စိတ်ကျရောဂါ၊ နှလုံးရောဂါတိ ဖြစ်ပနာ အသက် ၄၀ ကျော်လောက်မှာ သီလားပုံ ရပါရေ။ အေဟင့်က မ ဖျက်လို့ ပြည်ပျက်ရေဆိုရေ ရခိုင်ရာဇဝင်ပါ။

အကျွန်လည်း မ ဖျက်လို့ ရခိုင်ပြည် ပျက်စွာကို လက်ခံပါရေ။ ယကေလည်း အကျွန် သုံးရေ မ,က မမက်တိကို ညွှန်းရေ မ မဟုတ်ပါ။

မလေ့လာ၊ မစူးစမ်း၊ မသုံးသပ်၊ မဆင်ခြင်၊ မကြံဆ၊ မပြော၊ မဆို၊ မကြိုးစား၊ မလုပ်၊ မကိုင် ဆိုရေ မ,တိပါ။ ရခိုင်ပြည် ကျဆုံးလားစွာကိုလည်း ဝါလှဖြူ တယောက်တည်းကို လက်ညိုး မထိုးပါ။ မလေ့လာ၊ မစူးစမ်း၊ မသုံးသပ်၊ မဆင်ခြင်၊ မကြံဆ၊ မပြော၊ မဆို၊ မကြိုးစား၊ မလုပ်၊ မကိုင် ရေ ရခိုင်သားတိ၊ ရခိုင်သမတိ အားလုံးကို လက်ညိုးထိုးပါရေ။ ယင်းပိုင် မ,တိကို လက်ကိုင်ထားရေ လူတိများခလို့ ရခိုင်ပြည် ကျဆုံးလားစွာပါ။

အဂု သစ်လွင်ရေ ရခိုင်မျိုးဆက်သစ်တိ ထွက်လာနိန်ပါရေ။ ယင်းသူရို့ ရှိမှာ ကိုယ်ပိုင်ရေ မ,တိကို ထုတ်မပြကတ်ပါကဲ့ဖိ။ ယင်းသူရို့ လေးစားနိုင်လောက်တေ အရည်အသွေးတိကို မွီးမြူကတ်ပါ။ လူစွာ နောက်ကို လှည့်ကြည့်နိန်ဖို့ မလိုရေပိုင်၊ ဗြီးခရေ အမှားတိကို ဝမ်းနည်းကြွေကွဲနိန်လို့လည်း ရှိမှာ တခုလည်း တိုးတက်လာစရာ အကြောင်းမရှိပါ။ ရှိကို တမျှော်တခေါ် မျှော်ကြည့်နိန်ဖို့လည်း မလိုပါ။ စိတ်ကူးနန့် လိပ်ဥ မတူးပါကဲ့။ ထီ မထိုးဘဲ ထီပေါက်ဖို့ အိမ်မက် မမက်ပါကဲ့။ ၁ ပြားရင်းပနာ ၁၀ မြတ်ဖို့ မကြံပါကဲ့။ လက်ရှိ ကိုယ့် မျက်စိရှိက အလုပ်ကို အကောင်းဆုံး ဖြစ်အောင်ရာ လုပ်ဖို့ ပြင်ပါ။

ရခိုင်သားတိ လက်တွိ အတွေး၊ လက်တွိ အကြံ၊ လက်တွိ အပြော၊ လက်တွိ လုပ်ရပ်တိနန့် စဥ်ဆက်မပြတ် လေ့လာ၊ စူးစမ်း၊ သုံးသပ်၊ ဆင်ခြင်၊ ကြံဆ၊ ပြောဆို၊ ကြိုးစား၊ လုပ်ကိုင် နိန်ကတ်ဖို့ဆိုကေ ရခိုင်သားတိ လိုချင်ရေ အရာရာတိုင်းစွာ မလွှဲမသွေ ကိုယ့်လက်ထဲ ရောက်လာဖို့ဆိုစွာကို အားလုံး သဘောပေါက်ကတ်ပါ။

(ဖေ့ဆ်ဘုတ်ခ်ပိုင် ဆိုရှယ်မီဒီယာတိမှာ လူများ အာရုံစိုက်ခံဖို့၊ လူများ အမြင်လှဖို့စွာတိနန့် ကိုယ့်ဘဝကို မလှဲလားကတ်ပါကဲ့။)

ကိုးကား – မောင်နှင်းခိုင်(ပုဏ္ဏားကျွန်း) ပစ္ဆိမရပ်ဝန်း မဂ္ဂဇင်း၊ ၂၀၁၂ ပါ Dr U Saw Min ရဲ့ The First Woman Entrepreneur of Arakan ကို မှီငြမ်းပါရေ။

LEAVE A REPLY

Please enter your comment!
Please enter your name here